ဆွစ်ဇာလန်နိုင်ငံ Winterthur ရုပ်ရှင် ပွဲတော်မှာ ပွဲဦးထွက်ပြ သမယ့် အကယ်ဒမီ မျိုးသန္တာထွန်း ပါဝင်ရိုက်ကူးထားတဲ့ ပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်လမ်းတို Late Blooming In A Lonely Summer Day

ဆွစ်ဇာလန်နိုင်ငံ Winterthur ရုပ်ရှင် ပွဲတော်မှာ ပွဲဦးထွက်ပြ သမယ့် အကယ်ဒမီ မျိုးသန္တာထွန်း ပါဝင် ရိုက် ကူး ထားတဲ့ ပြိုင်ပွဲဝင် ရုပ် ရှင် ဇာတ် လမ်းတို Late Blooming In A Lonely Summer Day

ပရိသတ်ကြီးရေ…ဆွစ်ဇာလန် နိုင်ငံ Winterthur ရုပ် ရှင် ပွဲ တော်မှာ ပွဲဦးထွက် ပြသမယ့် ပြိုင်ပွဲဝင် ရုပ်ရှင် ဇာတ်လမ်းတို ပြေလျော့နွေ (သို့) Late Blooming In A Lonely Summer Day ဟာသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ရဲ့ အထီးကျန်တယ်လို့ ခံစားနေရတဲ့ စိတ် အခြေ အနေနဲ့ နေထိုင်ရတဲ့ နေ့ရက် တချို့ကို ပုံဖော် ရိုက်ကူးထားတဲ့မိနစ်၂၀စာဇာတ်လမ်းတို ရုပ်ရှင်လေးဖြစ်တယ်လို့ သိရပါတယ်။

International Competition မှာ ရွေး ချယ် ခံ ရ တဲ့ ဇာတ် လမ်းဖြစ်ပြီး Winterthur ရုပ် ရှင် ပွဲတော် မှာပါ ပွဲ ဦးထွက်ပြသမယ့် ပြိုင် ပွဲဝင် ရုပ်ရှင် ဇာတ်လမ်းတို ဖြစ်ပါ တယ်။ပြေလျော့နွေ ဇာတ် လမ်းထဲမှာ သ ရုပ် ဆောင် ပိုင်း ကို ငယ် ငယ် က တည်းက သဘောကျပြီးကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင် တဲ့ မင်းသမီးကြီး မျိုးသန္တာထွန်း အဓိက ပါဝင် သ ရုပ် ဆောင်ထားပါတယ်။

မင်းသမီး မျိုးသန္တာထွန်း ကိုယ်တိုင်လည်း ဇာတ်လမ်း အတွက် ငွေ ကြေးမယူဘဲ မေတ္တာဖြင့် သရုပ် ဆောင် ပေးထား တာလို့ သိ ရ ပါတယ်။ဒီဇာတ် လမ်းလေးထဲ မှာ သ ရုပ် ဆောင် မင်းသ မီးကြီးမျိုးသန္တာထွန်း ဟာ သူမ ဘဝမှာ ပထမဦးဆုံး အကြိမ် အဖြစ်မိတ်ကပ်လုံးဝ မလူးခဲ့ဘဲ သဘာဝကျကျ သဘောဆောင် ထားတယ်လို့သိရပါတယ်။ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲ တော်မှာ ဝင်ပြိုင်ခွင့်ရတဲ့ဇာတ်လမ်းတွေထဲမှာ အာရှနိုင်ငံတွေ အနေနဲ့ မြန်မာကတစ်ကား ထိုင်းနိုင် ငံ က တစ် ကား စုစု ပေါင်း ၂ ကားသာ အရွေး ချယ်ခံရခဲ့ တာပဲဖြစ်ပါတယ်။

မြန်မာလူမျိုးတွေရိုက်ထားတဲ့ မြန်မာအငွေ့အသက်တွေလွှမ်းခြုံနေတဲ့ဇာတ်လမ်းလေးတစ်ခုက အခုလို ကမ္ဘာကျော်သွားခဲ့တာကြောင့်မြန်မာလူမျိုးတစ်ယောက်အနေနဲ့အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ထပ်မံပြီးဆုတွေလည်း ရရှိလာစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

credit

Add a Comment

Your email address will not be published. Required fields are marked *