ဖမ်းဆီးချုပ်နှောင် ခံထားရပေမယ့်လည်း ပရိသတ်ကိုတေ့ာ မရရအောင် ထောင်ထဲကနေ အားပေးစာလေး တစ်စောင် ရေးပေးလာတဲ့ ပိုင်တံခွန်

ဖမ်းဆီးချုပ်နှောင် ခံထားရ ပေမယ့်လည်း ပရိသတ်ကိုတော့ မရရ အောင် ထောင်ထဲ ကနေ အားပေးစာလေး တစ်စောင် ရေးပေးလာတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ…ပိုင်တံခွန်ကတော့ အောင်မြင် ကျော်ကြားမှုတွေကို ဘေးချိတ် ထားပြီး လူငယ်ပီပီ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနု ပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလိုစိတ်ရောကိုယ် ပါနှစ်ပြီး နွေဦးတော်လှန် ရေးကြီးမှာ ပါဝင်ခဲ့တာကြောင့် ခုဆို ရင် ပုဒ်မ (၅၀၅-က) နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာလည်းဖြစ် ပါတယ်။

ဒါကြောင့်လည်း ချစ်ရတဲ့ မိသားစု နဲ့ ပရိ သတ်တွေ မိတ်ဆွေ တွေ က အခြားလူတွေလိုပဲ ပိုင်တံခွန် လွတ်မြောက်လာဖို့ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေကြတာ ယနေ့ အထိပါပဲ ။ ဒါ့အပြင် ခုချိန် အထိလည်း တံခွန် အတွက် ချစ်ရတဲ့ ပရိသတ် တွေက ဆုတောင်းပေးခြင်းတွေ အလှူလေးတွေ ပြုလုပ် ပေးနေကြတာဖြစ်ပါတယ် ။

သူတစ်ပါးအပေါ် အမြဲ အလေးထားပြီး ကူညီဖေးမတတ်တဲ့ တံခွန်က အခုလည်း ကိုယ်တိုင် ဖမ်းဆီးချုပ်နှောင်ခံထားရပေမယ့်လည်း သူရဲ့ ပရိသတ်တစ်ယောက်အတွက် အားပေးစာလေးတစ်စောင်ကို ထောင်ထဲ ကနေ ရေးသားပေး လာတာတွေ့ ရ ပါ တယ် ။

စာလေးဖတ်ပြီး တကယ်ကို လေးစားမိ တာကြောင့် ပရိသတ် ကြီးအတွက် ပြန် လည် ဝေမျှ ပေးလိုက် ရပါ တယ် ။ဖတ်ရှူ့ ပေးတဲ့ ပ ရိသတ်ကြီးလည်းပျော် ရွှင်သော နေ့ရက်များကို ပိုင် ဆိုင် နိုင်ပါစေနော်။

credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *