မင်္ဂလာ လက်မှတ်ထိုးပွဲကို အမှတ်တရဖြစ်အောင် အစ်မဖြစ်​သူနန္ဒာလှိုင်ဆီက အကြံပေးစကားကြောင့် အံ့သြရယ်​မော ခဲ့ရတယ်ဆိုတဲ့ သတို့သားလောင်း မောင်

မင်္ဂလာ လက်မှတ် ထိုးပွဲကို အမှတ်တရ ဖြစ် အောင် အစ်မ ဖြစ်​သူနန္ဒာလှိုင်ဆီကအကြံပေးစကားကြောင့် အံ့သြရယ်​မော ခဲ့ရတယ်ဆိုတဲ့ သတို့သားလောင်း မောင်

ပရိသတ်ကြီးရေ သရုပ်ဆောင်မောင်နဲ့ ရီရီပွင့်ဖြူကတော့ ပရိသတ်တွေမိတ်ဆက်စရာမလိုလောက်အောင် သိပြီးသားဖြစ်တဲ့အနုပညာရှင် နှစ်ယောက် ဖြစ်ပါ တယ်။ သူတို့ နှစ်ယောက် ရဲ့ ချစ်ခရီးလမ်းကတော့ (၈) နှစ်ကျော်အချိန်ကာလကို ရောက်ရှိ လာပြီ ဖြစ်ပြီး မကြာခင်မှာ လက်ထပ်ဖို့ စီစဥ်နေကြပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စိန်ဖြိုးကတော့ ” ဒီရက်ပိုင်း မင်္ဂလာဆောင်ကို အ မှတ်တရ လေးဖြစ်အောင် Idea တွေးစဉ်း စားလိုက်၊ အစ်မ တွေဘယ်လိုလုပ်လဲ မေးလိုက် နဲ့ တစ်ယောက်ထဲ ရှုတ်နေ တာ။မနေ့ညက ထိုင်စဉ်းစားရင်း ၁၂နာရီ ထိုးနေ တာကို နာရီကို မကြည့် မိပဲ မလတ် အခန်းထဲကို ဝင်သွားပြီး လက်ထပ် စာချုပ် လေးခဏ ပြပါ၊ ပြီးတော့

လက်ထက်စာချုပ် လက်မှတ်ထိုးတဲ့အခါ သူများတွေလို ထိုင်မထိုးပဲ Stand Table လေးနဲ့ မတ်တပ် ရပ်ပြီး ထိုးလို့ရလား ဆိုပြီး သွားမေးတယ်။အဲ့မှာ ဇေမဒီ ကို ဖက်ပြီး အိပ် နေ တဲ့ မလတ် တစ်ယောက် အိပ်ချင်မူးတူးနဲ့ ..နင် မတ်တပ်ရပ်ပြီး လက်မှတ်ထိုးလို့လဲရတယ် ၊ လက်မှတ် တစ်ခါထိုး ပြီးတော့ ကွင်းတစ် ပတ် ပတ်ပြေး ပြီးတော့မှ ပြန်လာထိုးလဲ ရတယ် ဆို ပြောပါ လေရော မနက်သူ့ကို ပြန်ပြောပြတော့ မှတ်တောင် မမှတ်မိဘူး။

ငါ အဲ့လိုပြောလိုက်လားတဲ့..ကဲ ဘယ်လိုလဲ ..မလတ်​ပေးတဲ့ အကြံအတိုင်း ကွင်းတပတ်ပတ်​ပြေးပြီးမှ လက်မှတ် ထိုး​လိုက်ရမလား ” ဆိုတဲ့ ဟာသ အလွဲ လေးကို ပြောပြ ခဲ့တာဖြစ် ပါ တယ်။ပရိသတ်တွေလည်း လက်ထပ်ဖို့ အတွေးတွေ များနေတဲ့ သတို့သားလောင်းလေး မောင်ကို ဆန်းသစ်တဲ့ အကြံတွေ ပေးခဲ့ ကြပါဦးနော်။

credit

Add a Comment

Your email address will not be published. Required fields are marked *