အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်ပြီးတဲ့နောက် အကောင်းဆုံးတွေပဲ တွေ့ကြုံစေဖို့ နန်းသူဇာရဲ့မွေးနေ့မှာ ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ ကျော်ထွဋ်ဆွေ

အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်ပြီးတဲ့နောက် အကောင်းဆုံးတွေပဲ တွေ့ကြုံစေဖို့ နန်းသူဇာရဲ့မွေးနေ့မှာ ဆုမွန်ကောင်း တောင်းပေးလိုက်တဲ့ ကျော်ထွဋ်ဆွေ

ပရိသတ်ကြီးရေ ကျော်ထွဋ်ဆွေကတော့ မြန်မာနိုင်ငံကယောကျာ်းလေးပရိသတ်တွေ အားပေးသဘောကျရဲ့ အမျိုးသား အဆိုရှင်ထဲက တစ်​​ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အချစ် ရေးကတော့ ဘိုမ ရုပ်လေးလို ချစ်စရာ ကောင်းပြီး အမြဲ သွက်လက် ပွင့်လင်းနေတဲ့ နန်းသူဇာနဲ့ အတွဲ ညီညီလက်တွဲ နေတာပဲ ဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာဟာ တွဲလက်တွေ ခိုင်မြဲ လာတာ ချစ်သူသက်တမ်း (၉)နှစ်ကျော်ရှိ နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ သ ဘောကျအားပေးရတဲ့ Idol အနုပညာရှင် စုံတွဲတွေထဲက တစ်တွဲအပါဝင်ပါနော်။ဒါ့အပြင် သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး နေထိုင်လေ့ရှိတဲ့ အနုပညာရှင် စုံတွဲ တစ်တွဲ ပါပဲနော်။ဒီနေ့ကတော့ ချစ်ရတဲ့ နန်းသူဇာရဲ့ မွေးနေ့ ရက်မြတ်လေးဖြစ်တာကြောင့်

”Happy Birthday Mee Layy ရေ ဘ ဝရဲ့ အဆိုးဆုံးဆိုတဲ့နှစ်တစ်နှစ်ကို အတူတူကျော်ဖြတ်ခွင့် ရခဲ့တဲ့အတွက် ကျေနပ်မိတယ် ရှေ့လျှောက် အကောင်းဆုံးဆို တာတွေ နဲ့ ပဲကြုံ ရ ပါ စေ  koko love you more and more”ဆိုတဲ့ စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ချစ်စနိုးနဲ့ ဆုမွန် ကောင်းတောင်းပေးခဲ့တာပါ။ပရိသတ်တွေလည်းနန်းသူဇာရဲ့မွေးနေ့ အတွက်ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။ဖတ်ရှူ့ ပေးတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သော နေ့ရက်များ ကို ပိုင်ဆိုင် နိုင်ပါ စေနော်။

credit

Add a Comment

Your email address will not be published. Required fields are marked *